Skip to content

Burmese Atheists Association Posts

How Socialists Fight Religion – Leon Trotsky (Burmese)

ဘာသာရေးဆန့်ကျင်ရေး လမ်းညွှန်ချက်များနှင့် ယင်း၏အရေးကြီးမှု
(ဆိုရှယ်လစ်ဝါဒီများ ဘာသာရေးကို ဘယ်လိုတိုက်ထုတ်ကြမလဲ)

ကျွန်ုပ်တို့၏ဘာသာရေးဆန့်ကျင်ရေးဝါဒကို ဘုရားသခင်အား တိုက်ရိုက်စိန်ခေါ်တိုက်ဖျက်သည့် အဆင့်တွင် မထားရှိနိုင်သည်မှာ ယခုအချိန်တွင် လုံးဝထင်ရှားနေပြီး အငြင်းပွားမှုတို့မှ ကျော်လွန်နေပါပြီ။ ဒီလောက်နှင့် တော့ ကျွန်ုပ်တို့အတွက် မလုံလောက်နိုင်ပါ။ ကျွန်ုပ်တို့သည် လူထု၏စုပေါင်းအတွေ့အကြုံအားလုံးထက် သာလွန်ကျယ်ပြန့်စေလျက် လူ့အဖွဲ့အစည်းအပေါ် ၎င်းတို့၏ တက်ကြွသော သြဇာလွှမ်းမိုးမှုကို မြင့်မားစေကာ ၎င်းတို့၏ အပြုသဘောဆောင်သော အသိပညာမိုးကုပ်စက်ဝိုင်းကို ကျယ်ပြန့်စေရင်း ဝိဇ္ဇာအယူဝါဒကို ရုပ်ဝါဒဖြင့် အစားထိုးသည်။ ကျွန်ုပ်တို့သည် ဤနယ်ပယ်အတွင်း လိုအပ်လာပါက ဘာသာရေးဆိုင်ရာ အစွဲအလမ်းများကို တိုက်ရိုက်ထိုးနှက်မှုများပြုလုပ်သည်။ ဘာသာရေးပြဿနာသည် ကြီးမားသောအရေးပါမှု ရှိပြီး အဆိုပါပြဿနာများသည် ယဉ်ကျေးမှုအလုပ်နှင့် ဆိုရှယ်လစ်ဖွဲ့စည်းပုံတို့နှင့် အနီးကပ်ဆုံး ဆက်စပ်နေ ပါသည်။ သူ၏ငယ်စဉ်ဘဝတွင် မာ့က်စ်က ဤသို့ဆိုခဲ့သည်–
• “ဘာသာရေးဝေဖန်ခြင်းသည် အခြားဝေဖန်မှုမှန်သမျှ၏အခြေခံဖြစ်သည်။”
သည်ဆိုရိုးကား အဘယ်သဘောမျိုးရှိသနည်း?